ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Oct 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ စည်ပင်သာယာရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် အောက်တိုဘာ ၃ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ကျောက်မဲမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့တွင်းလမ်းတံတား၊ ရေ၊ မီးပန်းခြံလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းရွေးချယ်ညှိနှိုင်းရေး အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတို့ တက်ရောက် ခဲ့ကြသည်။