ပန်းတနော်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကျင်းပ

ပန်းတနော် အောက်တိုဘာ ၅

နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကို အောက်တိုဘာ ၄ ရက်နေ့မှ ၁၁ နေ့အထိ အနောက်ပိုင်းရပ်ကွက် မြို့မဘောလုံး အားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲလူရွေးချယ်ပွဲတွင် ဘောလုံးပွဲ၊ ပြေး/ ခုန်/ ပစ်ပြိုင်ပွဲ၊ ဘတ်စကစ်ဘောပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲ လူရွေးချယ်ပွဲများကို အောက်တိုဘာ ၄ ရက်နေ့မှ ၁၁ နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခရိုင်အဆင့်တွင် သွားရောက် ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)