အင်္ဂပူ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အ-ထ-က (အင်္ဂပူ)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ဆရာ သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့ သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဖတ်ကြားပြီး ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော သဝဏ်လွှာအား မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဇော်က ဖတ်ကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)