ကြံခင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ကြံခင်း အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန   မြို့နယ်ဦးစီးမှူးရုံး၌ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်က   (လ ဝ က)မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။   

ကြံခင်းမြို့နယ် (လ ဝ က) (ယာယီ)ဦးစီးမှူး ဦးအောင်အောင်နှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data)များကို တစ်ဦးချင်းစီအလိုက် စနစ်တကျကောက်ယူ၍ Database တွင် သိမ်းဆည်းကာ ကွန်ပျူတာမှ မတူညီသည့် ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်  ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်  ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီးသူများ၏  Biographic Data နှင့်  Biometric Dataများကို Databaseတွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများအား    ဇွန်လ(၂၈)ရက်နေ့မှ ဆောင်ရွက်ထုတ်ပေးလျက်ရှိရာ  ပြည်သူ(၄၆၂၈)ဦး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့်  မြို့နယ်အတွင်းကျန်ရှိနေသော ပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်များအား ဆက်လက်ကောက်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား  အလှည့်ကျ ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း မြို့နယ်( လ ဝ က)ရုံးမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)