မြန်အောင်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မြန်အောင် အောက်တိုဘာ ၅

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာ ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.ထ.က(၂) မြန်အောင်မှ ကျောင်းသူများက "မြတ်ဆရာ" သီချင်းဖြင့် ပူဇော် ကန်တော့၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ဖတ်ကြားပြီး ကုလသမဂ္ဂ လက်‌အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များက ပေးပို့သော သဝဏ်လွှာအား မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဒေါ်နန်းဦးခင်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ အငြိမ်းစားမြို့နယ် ပညာရေးမှူး ဦးဝင်းမြင့်က သြဝါဒစကားပြောကြားပြီး အ.ထ.က(၂) မြန်အောင်မှ ကျောင်းသူများက "အပြုံးလှဆရာ" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ ကန်တော့ခံ ဆရာကြီး/ ဆရာမကြီးတို့အား ကန်တော့လက်ဆောင်များဖြင့် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့တွင် မြန်အောင်မြို့နယ် ပညာရေးဌာနမှ စုပေါင်း၍ မြို့နယ်အတွင်းရှိ ကန်တော့ခံ ဆရာကြီး/ဆရာမကြီး (၁၉၇) ဦးတို့အား တစ်ဦးလျှင် (၄၀၅၀၀) ကျပ် ကန်တော့ခဲ့ ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)