သတင်းများ

သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Oct 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်၊ စာစောင်များအားကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောခြင်း၊​သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေးနံရံကပ်စာ​စောင်၊ အရွယ်မ​ရောက်​​သေးသူက​လေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း​ရေး အသိပညာ​ပေးနံရံကပ်စာ​စောင်များ ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီအချိန်က သာကေတမြို့နယ် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းတုံမြို့နယ်၊ အ.ထ.ကမိုင်းတုံ၌ လူငယ်စကားဝိုင်း ကျင်းပ
Oct 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစာနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉:၀၀နာရီ အချိန်က အ.ထ.ကမိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၃၇)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ ကျင်းပ
Oct 05,2023
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ် ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(မြို့မ) စုပေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
၂၀၂၃-ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲ ကျင်းပ
Oct 05,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ် သက်ပြည့်ပင်စင်ယူသွားကြသော အသက်(၇၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယ​နေ့နံနက် (၁၀)နာရီခွဲအချိန်က အ.ထ.က‌ (၁) ‌ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Oct 05,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီ စာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်၌ မိုးစပါးသီးနှံ ( ၉၃၅၆ ) ဧကစိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် (၂၉၈) ဧက ကျော်လွန်စိုက်ပျိုးနိုင်
Oct 05,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန်လျာထား ဧက (၉၀၅၈) ဧက ဖြစ်ပြီး အမှန်စိုက်ပျိုးပြီးဧကမှာ (၉၃၅၆) ဧက စိုက်ပျိုးနိုင်ခဲ့ကာ လျာထားချက်ထက် (၂၉၈) ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးမှ သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်(က)ရပ်ကွက်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေး
Oct 05,2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်(က)ရပ်ကွက်ရှိ အကွက်အမှတ်(ယ-၂)တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေသည့် စာရင်းကောက်ကွက်သို့ ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ အတွင်းရေးမှူးဦးမြင့်လွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။