သတင်းများ

ချောင်းဆုံမြို့နယ် ညောင်လမ်းနှင့်ဘိုးနက်ကျေးရွာတွင် ဒေသတွင်းစားသုံးဆီ ဖူလုံရေး နေကြာသီးနှံစိုက်ပျိုးတောင်သူများအား နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Oct 05,2023
စားနပ်ရိက္ခာဖူလုံရေးကိုရှေးရှုပြီး ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန် တော်သူများ ဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေရန်အတွက် တောင်သူများ နေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များ ရရှိစေရန်အတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာနှင့် ဘိုးနက်ကျေးရွာတို့တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျိုင်းလပ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Oct 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့၊ နမ့်ငေါ့ကျေးရွာ အအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို  ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Oct 05,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နိုင်ငံတော်အစိုးရမှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန်အတွက်ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့တွင် မြို့နယ်(ကျေး/လက်) ဦးစီးဌာနရုံးတွင်ဖွင့်လှစ်သည်။
သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book  Club/Youth Club များစာဖတ်ဝိုင်းပြုလုပ်
Oct 05,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်မင်းစိုး၏လူငယ်နှင့်အပြောင်းအလဲစာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူး၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက် အ.ထ.က(ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ ဆန်/စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 05,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ Agri One Trading Co.,Ltd မှ ကိုယ်စားလှယ်ဖြစ်သည့်  အေလာကျေးရွာအုပ်စုရှိ ဦးအေးထွန်းမှ  လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား တစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၅၇၂ စု အားလည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ Agri One Trading Co.,Ltd မှ ကိုယ်စားလှယ်ဖြစ်သည့် နေပြည်တော်၊ လယ်ဝေးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ဒေါ်တင်နု ကုန်စုံဆိုင်မှ ရှမ်းစု၊ ပေတုန်းမျှောင်ကျေးရွာအုပ်စုများရှိ စားသုံးသူပြည်သူများအား ဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၂၀၀ စုအားလည်းကောင်း ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့သည်။       
ပိုင်ကျုံမြို့ အ-မ-ကထီးဖိုးမယ်‌ဘောကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ  ကွင်းဆင်းဆောင်ရွက်
Oct 05,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ-မ-ကထီးဖိုးမယ်‌ဘောကျောင်း၌အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ပေါင်းတည်၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲကျင်းပ
Oct 05,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က အ.ထ.က ပေါင်းတည်ကျောင်း (ပညာရတနာ)ခန်းမ၌ ကျင်းပသည်။