သာယာဝတီ အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧကပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လှည်းလမ်းကူးအုပ်စု၊ ရေတိုက်ကျေးရွာနှင့် အင်းကောက်ကြီးကျေးရွာတို့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဟိုက ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ မြေပဲစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သောဗီယက်နမ်မြေပဲမျိုးအား ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများအတွက် TBL-9 ၊ ရေဆင်းအထွက်ကောင်းမျိုးများကို အသုံးပြုစိုက်ပျိုးရန်နှင့် နည်းပညာဆိုင်ရာများအတွက် အခက်အခဲများ ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများက သီးနှံအလိုက်စိုက်နည်းစနစ်များကို အသိပညာပေးဆွေးနွေးကြပြီး တက်ရောက်လာသည့် တောင်သူများမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)