ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ​ရောဂါကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်

ကွတ်ခိုင် အောက်တိုဘာ  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ပညာသင်ကြားနေသည့် ကျောင်းသူများမှ အသက် (၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို (၁-၉-၂၀၁၁)ရက်မှ (၃၁.၈.၂၀၁၄)ရက် အတွင်း ‌မွေးဖွားသူ အသက်(၉)နှစ်မှ (၁၂)နှစ်အထိ မိန်းကလေးငယ်များကို ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမှီ သက်ဆိုင်ရာတာဝန်ရှိ အတန်းပိုင်ဆရာ/ဆရာများက ကျောင်းသူ၏ ပြည့်ပြီး အသက်၊ နာမည်နှင့် အဘအမည်တို့ကို စာရင်းကောက်ယူပြီး ကျောင်းသူတစ်ဦးချင်းဆီကို ထိုးနှံ‌ပေးလျက်ရှိကာ ကာကွယ်ဆေးထိုးနှံပြီးစီးသော ကျောင်းသူများကို နာရီဝက်ခန့် ဆေးထိုးရာနေရာစုရပ်တွင် ခေတ္တအနားယူစောင့်ဆိုင်းစေပြီး ကာကွယ်ဆေးနှင့်မတည့်၍ဖြစ်တတ်သော ယားယံခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းမူးဝေခြင်းတို့ကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ဆရာမများက ကြည့်ရှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်အရွယ်အလိုက် ကျောင်းတက်သူ မိန်းကလေးငယ်ကျောင်းသူများကို  လိုက်လံထိုးနှံပေးလျက်ရှိရာ ထူးချွန်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသူ (၁၄၂)ဦး၊ အလင်း‌ရောင်ကိုယ်ပိုင်း‌ကျောင်းမှ ကျောင်းသူ(၃၇)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)