မင်းလှမြို့နယ်ဥယျာဉ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင်နယ်လှည့်စာကြည့်တိုက်နှင့်အသိပညာပေးဟောပြောပွဲဆောင်ရွက်

အထက်မင်းလှ  အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊‌ကျောင်းသူများအသိ ပညာဗဟုသုတရရှိစေရေး ၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့နေ့လယ်(၁) နာရီခွဲအချိန်က ဥယျာဉ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် နှင့် အသိပညာ‌ပေးဟောပြောပွဲအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများနှင့် ကလေး အလုပ်သမားပပျောက်ရေး ၊ စာဖတ်ခြင်းဖြင့်ရရှိသောအကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ၊ ဥာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ စာအုပ်များဖတ် ရှုစေပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ က‌လေးအလုပ်သမားပ‌ပျောက်ရေး အသိပညာ‌ပေးနံရံကပ်စာ‌စောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)