သရက်မြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ အခမဲ့ စတင်စစ်ဆေးပေးလျက်ရှိ

သရက် အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ အခမဲ့ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် စတင်စစ်ဆေးပေးလျက်ရှိသည်။

 အဆိုပါသွေးချို၊ သွေးတိုး၊ နှလုံး ရောဂါ စစ်ဆေးလာရောက်လာသည့် အငြိမ်းစားဝန်ထမ်းများအား စာရင်းပေးသွင်းပြီး၊ သွေးပေါင်ချိန်ခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောင်ဆီဂျင် တိုင်တာပြီးမှ သွေးစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီးမှ လိုအပ်သည့် ဆေးဝါးစစ်ဆေးမှုများ ဆောင်ရွက်ပေးနေမှုအား ခရိုင်ဆရာဝန်ကြီးက ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)