ဗဟန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၃)(အခမဲ့)ဖွင့်လှစ်

ဗဟန်း အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဗလငါးတန်နှင့်ပြည့်စုံသည့်ကျောင်းသား၊ ကျောင်းသူများ‌ ပေါ်ပေါက်လာစေရန်နှင့်အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၃) (အခမဲ့)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အခြေခံကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဆောင်ရွက်လျက်ရှိသော အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာ ဦးကြည်လွင်သူက ကွန်ပျူတာသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊ သင်တန်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို  အောက်တိုဘာလ(၇)ရက်နေ့မှ နိုဝင်ဘာလ (၁၉)ရက်နေ့အထိ အပတ်စဉ်စနေ့နှင့်တနင်္ဂနွေနေ့တို့တွင် နံနက် ၇ နာရီခွဲမှ နံနက် ၉ နာရီအထိ သင်ကြားပေးမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၅)ဦးတက်ရောက်ကြကြောင်း သိရသည်။

မိုးမိုး