ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့်မတ်ပဲသီးနှံ အထွက်နှုန်းကောင်း မျိုးသန့်များအား တောင်သူများလက်ဝယ်သို့ပေးအပ်

ပေါက်ခေါင်း     အောက်တိုဘာ    ၇

ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းနယ် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီက ဦးဆောင်၍ ယနေ့နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ အထွက်နှုန်းကောင်းမျိုးများကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ပြီး နည်းပညာဆွေးနွေးပြောကြားခဲ့သည်။

ဦးစွာမြို့နယ်စိုက်ပျိုးရေး၊‌ မွေးမြူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က မြို့နယ်အတွင်းဆောင်းသီးနှံ မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ တိုးချဲ့စိုက်ပျိုးမည့်အခြေအနေနှင့် မျိုး‌ကောင်းမျိုးသန့်များအသုံးပြုပြီး ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် နည်းပညာများကို တောင်သူများအား ဆွေးနွေးပြောကြားသည်။

ထို့နောက်မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ   ဆောင်းသီးနှံမြေပဲ၊ ပဲတီစိမ်းနှင့်မတ်ပဲ သီးနှံစိုက်ပျိုးမည့်တောင်သူများသို့ အတွက်အထွက်နှုန်းကောင်းမျိုးများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)