သာစည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးလျက်ရှိသည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက်ဧက(၁၀၀)တွင် စုပေါင်းမြေဩဇာကြဲပက်

သာစည် အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကုက္ကိုစုကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးလျက်ရှိသည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်ဧက(၁၀၀)တွင် စုပေါင်းမြေဩဇာကြဲပက်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကွင်းအမှတ်(၁၈၇၃) တောင်သူဦးတင်စိုး၊ ဦးထင်အောင်နှင့် ဦးဇော်ဝင်းတို့၏  စိုက်ခင်းများတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဒေါ်ဌေးဌေးက မိုးစပါးစိုက်ခင်းများတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိန်ကိုက် အချိုးညီ စနစ်တကျ ရောစပ်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်နည်းပြီး အထွက်နှုန်းတိုးသည့်နည်းပညာများကို ရှင်းလင်းဆွေးနွေးကာ တောင်သူများသိရှိလိုသည်များ ပြန်လည်ဖြေကြားသည်။ ထို့နောက် ကွင်းတာဝန်ခံနှင့် စိုက်ပျိုးရေးဝန်ထမ်းများက မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးစံပြ ကွက်ဧက(၁၀၀)တွင် စုပေါင်းမြေဩဇာကြဲပက် သရုပ်ပြခဲ့သည်။

အဆိုပါ စုပေါင်းမြေဩဇာကြဲပက်ပွဲသို့ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးနှင့်တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)