မိုင်းခတ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ အပတ်စဉ် မြို့သန့်ရှင်း သာယာလှပရေး စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် စစ်ဗျူဟာ(အခြေချ) (မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်းနှင့် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးတို့ ဦးဆောင်သည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ခြင်း၊ ပေါင်းမြက်များအား ပေါက်ပြားများ၊ မြက်ဖြတ်စက် များဖြင့် ရှင်းလင်းခြင်း၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အမှိုက်ကားဖြင့် အမှိုက်များ အား သယ်ယူစွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အခြေခံ ပညာအထက်တန်းကျောင်း (မိုင်းခတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က သန့်ရှင်းရေးအဖွဲ့များအား လန်းဆန်းစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)