ကြံခင်းမြို့နယ် မျောက်ချောကုန်း (အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မျောက်ချောကုန်း (အ.ထ.က) ကျောင်းတွင်  စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် လူငယ်များအသိဉာဏ်ပညာ ဖွံဖြိုးတိုးတက်ကာ ဗဟုသုတများရရှိစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ယနေ့မန်နံနက်ပိုင်းက မျောက်ချောကုန်း (အ.ထ.က)ကျောင်း၊ (ELan)ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင်   မျောက်ချောကုန်း (အ.ထ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဦးက  အဖွင့်အမှာစကားပြောကြားပြီး၊   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က  လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံဖြိုးတိုးတက်စေရေး၊ စာပေလေ့လာဖတ်ရှူခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား  အသိပညာပေးပြောကြားပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးကျော်နိုင်ဝင်းက စားသုံးရန်မသင့်သော အစားအစာများနှင့်ပတ်သက်၍  ရှင်းလင်းဟောပြောကြသည်။

ဆက်လက်ပြိး (Book Club) အဖွဲ့ဝင် ဦးခင်လွင်နှင့် ဦးမြတ်ထွန်းတို့က လူငယ်နှင့်စာရိတ္တ၊  ယဉ်ကျေးသော အနာဂါတ်လူငယ်များဖြစ်လာစေရေးအား ရှင်းလင်းဟောပြောပြီး၊ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်  နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲပြသထားရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းနှင့် လူငယ်ရေးရာဟောပြောပွဲသို့ မျောက်ချောကုန်း (အ.ထ.က) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၃၀၀)ဦး တက်ရောက်ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)