မိုးညှင်း အောက်တိုဘာ ၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲများကို ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲနှင့် ပြပွဲများကျင်းပရာတွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များအား အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် လမ်းမှားများ မရောက်ရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ဆောင်ရန် ရှောင်ရန်များကို အထက(ခွဲ) နားခါကျောင်းမှ အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါခန်းမတွင် ခင်းကျင်းပြသထားသည့် သုတ ရသစာအုပ်ပေါင်း(၂၀၀)ကျော်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးအသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း