မိုင်းယောင်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်အုပ်စု၊ ဟိုရမ်းကျေးရွာ၌ ယမန်နေ့က တောင်သူဦးအိုက်ရှဲန်ကျန်၏ ကွင်းအမှတ်(၈၀)၊ ဦးပိုင်(၈၀/က)ရှိ ဆင်းဧကရီ-၃ မိုးစပါးစံပြကွက် တစ်ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ စပါးအစို ၁၃၅ တင်း၊ စပါးအခြောက် ၁၂၁ ဒသမ ၅ တင်း ထွက်ရှိကြောင်း သိရသည်။
မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏ စီမံလမ်းညွှန်မှုနှင့်အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် ခရိုင်/မြို့နယ်စိုက်ကြပ်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ၊ တောင်သူများ တက်ရောက်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း