Art Exhibition ပန်းချီပြပွဲသို့ တိုင်းဒေသကြီး၀န်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး
Oct 11,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ ၁၀၂(A) x ၁၀၇လမ်း ကြားရှိ Mingalar Mandalay Hotel၊ သဇင်ခန်းမတွင် Mingalar Mandalay Hotel နှင့် Myanmar Art Center တို့ ပူးပေါင်း၍ Art Exhibition ပန်းချီပြပွဲ ပြုလုပ်ခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီအချိန်၌ ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပန်းချီဝါသနာပါသူများ တက်ရောက်ပြီး ပြခန်းအတွင်း ခင်းကျင်း ပြသထားသော ပန်းချီကားများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။