သတင်းများ

နတ်မောက်မြို့နယ် ချည်မျှင်ရှည်ဝါ ရွှေတောင်- ၁၀ မျိုးစေ့ထုတ်ဧက (၁၀၀) အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Oct 11,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရွာမွန်ကျေးရွာရှိစိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ မျိုးစေ့ထုတ်ဧက(၁၀၀) အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးတွက်ခြေကိုက်၍ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးလျက်ရှိရာ ရွာမွန်ကျေးရွာအုပ်စုတွင် ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ မျိုးစေ့ထုတ်ဧက(၁၀၀) စိုက်ပျိုးထားပြီး စိုက်ပျိုးပြီးဧကအားလုံး တစ်ဧကပန်းတိုင်အထွက်နှုန်း ကောင်းမွန်ရေး၊ စိုက်ပျိုးပြီးဧကများအား အပင်သက်တမ်းတစ်လျှောက် ကြီးထွားမှုအဆင့်တိုင်း ပိုးမွှားကင်းစင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး ဒေသခံတောင်သူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိသည်။
ပေါင်းတည်၌ တိုင်ထောင်ပဲတောင့်ရှည်များ စတင်စိုက်ပျိုး
Oct 11,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကောက်လျင်စပါးများ ရိတ်သိမ်းပြီးနောက် တောင်သူများသည် ပဲတောင့်ရှည်များကို တိုင်ထောင်၍ စတင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ရှင်သန်ကြီးထွားအောင်မြင်လျက်ရှိသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးအတွက် ကွင်းဆင်းစစ်ဆေး
Oct 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန် ရည်ရွယ်၍ ဈေးတာဝန်ခံ ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး  ယမန်နေ့ ည ၆ နာရီခွဲအချိန်က  မြို့မစည်ပင်သာယာဈေးကြီး အတွင်း၊အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက်  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Oct 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ယမန်​နေ့နံနက် ၁၁း၀၀ နာရီက ဗဟန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌  မိုးရွာသွန်းမှုကောင်းမွန်သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 11,2023
မကွေးတိုင်းဒေသကြီး ၊ ပွင်ဖြူမြို့နယ်တွင် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲစင်းငုံသီးနှံစိုက်ဧက ၅၂၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး နှမ်းရိုးသဘာဝမြေဆွေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြ
Oct 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါ်များပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှမ်းရိုးသဘာမြေဆွေးပြုလုပ်နည်းများ လက်တွေ့သရုပ်ပြ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့ အထက(၁)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Oct 11,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ပိုင်ကျုံမြို့ အ.မ.က သရဲထကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Oct 11,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က အ.မ.ကသရဲထကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။