သတင်းများ

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ရုံးခန်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ရုံးခန်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကလေးးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Art Exhibition ပန်းချီပြပွဲသို့ တိုင်းဒေသကြီး၀န်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး
Oct 11,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ ၁၀၂(A) x ၁၀၇လမ်း ကြားရှိ Mingalar Mandalay Hotel၊ သဇင်ခန်းမတွင် Mingalar Mandalay Hotel နှင့် Myanmar Art Center တို့ ပူးပေါင်း၍ Art Exhibition ပန်းချီပြပွဲ ပြုလုပ်ခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီအချိန်၌ ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး  ဦးကျော်ဆန်း၊သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပန်းချီဝါသနာပါသူများ တက်ရောက်ပြီး ပြခန်းအတွင်း ခင်းကျင်း ပြသထားသော ပန်းချီကားများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ
Oct 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန်  အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူတွင် မသန်စွမ်းသူများအခွင့်အရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ကျွဲကောသီးများ လှိုင်လှိုင်ထွက်ရှိ
Oct 11,2023
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အရသာကောင်းမွန်သော ဒေသထွက်ကျွဲကော်သီးများသည် ယခုအခါ လှိုင်လှိုင်ထွက်ရှိနေကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများ အထွက်နှုန်းသိရှိစေရေး  စံကွက်ရိတ်သိမ်းခြင်းများဆောင်ရွက်
Oct 11,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးနှင့်မိုးစပါးများအထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာတန်းရှည်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ၊ တောင်သူဦးကျော်ဌေး၏ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း(၅)ဧကတွင် တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစိုပျှမ်းမျှ(၁၃၈.၃၃)တင်း ထွက်ရှိကြောင်းသိရသည်။
ကွတ်ခိုင်မြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ဝါတွင်းကာလ သီတင်သုံးဝါဆိုဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပူ‌ဇော်ပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက အမှတ်(၁)ရပ်ကွက်ရှိ ပြည်လုံးချမ်းသာအောင်စေတီ‌တော်၌ ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပမည်
Oct 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ(၁၅)ရက်နေ့ ဟိုပုံးမြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။