ပင်းတယ အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့် ၃၈၈၀ ပေရှိပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ရာ ယခုအခါ အစေ့ထုတ်ပြောင်းစိုက်ခင်းများ စတင်ခူးဆွတ်နေပြီဖြစ်ကြောင်း သိရသည်။
ယခုအောက်တိုဘာလတွင် အစေ့ထုတ်ပြောင်း(အလုံး)အစိုတစ်ပိဿာလျှင် ငွေကျပ် ၆၅၀ ခန့်သာရောင်းချရကြောင်း၊ စိုက်ပျိုးစဉ်က စိတ်ပျိုးစရိတ်ကုန်ကျမှုမြင့်ခဲ့ခြင်းကြောင့် စတင်ရောင်းချချိန်တွင် တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
ပင်းတယမြို့နယ်အနီးရှိ ကျေးရွာများဖြစ်သည့် ရေဖြူ၊ ကျောက်တော၊ ရွှေပုထိုး၊ လယ်ပြင်၊ မိုင်းအင် အစရှိသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းများကို မိုးဦးကာလဖြစ်သည့် မေလ တတိယအပတ်တွင် စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပြောင်းမျိုးစေ့တစ်ထုပ်နှုန်းဖြင့် ရှစ်သုံညရှစ်မျိုးကို အဓိကထားစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၅)လမှ (၆)လအကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ အထွက်နှုန်းမှာ (၁) ဧကလျှင် ပိဿာချိန်(၉၀၀)မှ (၁၀၀၀)ကျော်အထိ ထွက်ရှိကြောင်းလည်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)