သတင်းများ

စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ အ.မ.က‌ ကသစ်ကုန်းကျောင်း၌ ကျင်းပ
Oct 11,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့ကုန်းကျေးရွာအုပ်စု အ.မ.ကကသစ်ကုန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပင်လုံမြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်
Oct 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှုများ ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲအချိန်က အမက(၄)ကျောင်းသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
ကြံခင်းမြို့နယ် (အ.မ.က) ရွာသစ်မြောက်ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Oct 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) ရွာသစ်မြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာ ဖွံဖြိုးတိုးတတ်စေရန်၊ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင်   ဆောင်ရွက်ကြသည်။
မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Oct 11,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာအခြေခံ ပညာမူလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Oct 11,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ဖျာပုံမြို့နယ်၊ ပုလဲ (အ.လ.က)(ခွဲ)ကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ
Oct 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊​ လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၂)နာရီ အချိန်က ဖျာပုံမြို့နယ် ပုလဲ (အ.လ.က) (ခွဲ)ကျောင်း၊ ခန်းမ၌ ကျင်းပပြုလုပ်သည်။
စလင်းမြို့နယ် သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 11,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် သရက်ချဥ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများ  အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့မှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ချက်များနှင့်အညီ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာစေရန်၊ ကျောင်းနေပျော်၍ စာတော်သောလူငယ်များ ဖြစ်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ  အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းစံမြို့ အ​ခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပါင်းပြီး အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀) နာရီအချိန်တွင်  မိုင်းစံမြို့ အ ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။