သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 11,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့ အမှတ်၊(၃) အခြေခံပညာ မူလတန်း (လွန်)ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရေစကြိုမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 11,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ ထ က(၁) မြတမာခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
ပေါက်တောမြို့တွင်ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 11,2023
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပေါက်တောမြို့တွင် ယနေ့နံနက်ပိုင်းတွင် ဆက်လက် ရောင်းချ ပေးလျက်ရှိကြသည်။
ရွှေရတီကြယ်ဆောက်လုပ်ရေးကုမ္ပဏီမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာများ ခင်းပေး
Oct 11,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများပြုပြင်ခြင်း၊ အသစ်တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆောက်လုပ်ရေးကုမ္ပဏီငှားရမ်း၍လည်း လမ်းများကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရွှေရတီကြယ် ဆောက်လုပ်ရေး ကုမ္ပဏီမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာများ  ခင်းပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်
Oct 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီက ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မော်လမြိုင်မြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Oct 11,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ အသင်းစုရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချောင်းဆုံမြို့နယ်တွင် အကြိမ်(၂၀)မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ
Oct 11,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် အကြိမ် (၂၀)မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျွန်းသာယာခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားကို “ကောင်းကျိုးလိုရာဆန္ဒ” သီချင်းဖြင့် မြို့နယ်လက်ထောက်ပညာရေးမှူးက သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း) ဒုတိယအကြိမ် မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
Oct 11,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း)သင်တန်း ဒုတိယအကြိမ် မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ပေါက်ခေါင်းမြို့နယ် ဘန့်ပြင်အုပ်စု ကြိုးကြာကျေးရွာ၊ နှစ်ခြင်းဘုရားရှိခိုးကျောင်း၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က သင်တန်းဆင်းအမှာစကားပြောကြားသည်။