မိုင်းရယ်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓါတ်အားရရှိရေးနှင့် ဗို့အားပြည့်မီစွာရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

မိုင်းရယ် အောက်တိုဘာ ၁၁

မိုင်းရယ်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များသည် မိုင်းရယ်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓါတ်အားရရှိရေးနှင့် ဗို့အားပြည့်မီစွာရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ(BE) ဘတ်ဂျက်ဖြင့် တင်ဒါ်ခေါ်ယူခဲ့သော ကျပ် သန်း(၂၀)မှ သန်း(၂၀၀)အထိ လုပ်ငန်းများအနက် မိုင်းရယ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ဗို့အားပြည့်မီစွာရရှိရေးအတွက် ကောင်းပြည့်သူကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် Lot.14 ၁၁/၀ ဒသမ ၄ ကေဗွီ(၂၀၀)ကေဗွီအေ ခွဲရုံ(၁)ရုံ ဆောက်လုပ်နေမှု၊ လွယ်ငင်းလေးကျေးရွာ ဓါတ်အားရရှိရေးအတွက် ၄၀၀ ဗို့ AAC လိုင်း(၀ ဒသမ ၇၅)မိုင် တည်ဆောက်နေမှု၊ လုတ်ခိုက်ကျေးရွာအတွင်း ဓါတ်အားရရှိရေးအတွက် ကောင်းသန့်ဇင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Lot.15 ၄၀၀ ဗို့ ACC လိုင်း(၁)မိုင် တည်ဆောက်နေမှု၊ နောင်ခိုက်ကျေးရွာ ဓါတ်အားရရှိရေးအတွက် ချယ်ရီဘုရင်မကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Lot.16 ၄၀၀ ဗို့ AAC လိုင်း(၁ ဒသမ ၆)မိုင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် လျှပ်စစ်ဓါတ်အား ပြည့်မီစွာရရှိရေးအတွက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ကုမ္ပဏီများ တင်ဒါခေါ်ယူခြင်း၊ မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)