မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ရုံးခန်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းငေါ့ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ရုံးခန်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကလေးးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌‌‌ပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး၊ မိုင်းငေါ့နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ဟန်သက်အောင်မှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးအ‌ကြောင်းအရာများ၊ “ကလေးလုပ်သားပပျောက်ရေး ကြောင်းကျိုးညီညီတိုက်ဖျက်ပေး”၊ “ကလေးအလုပ်သမားပပျောက်ရေးအလေးထားဆောင်ရွက်ပေး” စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းဟောပြောခဲ့‌သည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေး‌နွေးခဲ့ကြပြီးနောက် အ.မ.က(မန်လုံ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်သက်နိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ နံရံကပ်စာ‌စောင်တွင် ပြသထား‌သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ အ.မ.က (တာလုံ)ကျောင်းနှင့် အ.မ.က‌ (မန်လုံ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ  စုစုပေါင်း  (၅၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)