မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃ -၂၀၂၄)ဘဏ္ဍာရေးနှစ် ကျေးလက်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခုတ် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးနှင့် အငယ်တန်းအင်ဂျင်နီယာ-၃ ဦးကျော်သူမြင့်တို့က ဝမ်ပျက်ကျေးရွာနှင့် ဝမ်အင်ကျေးရွာတို့တွင် ခန်းမဆောင်ပြုလုပ်မည့်လုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်းနှင့် မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းတို့အား ယမန်နေ့ နေ့လယ် (၂:၃၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခန်းမဆောင်သစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်​ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)