နမ္မတူတွင် မသန်စွမ်းသူများအခွင့်အရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်

နမ္မတူ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေး အများပြည်သူအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

အဆိုပါမြေစိုက်နံရံကပ်စာစောင်တွင် မသန်စွမ်းသူဆိုသည့် အဓိပ္ပာယ်၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံသားများခံစားခွင့်ရှိသည့် လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံး တန်းတူညီမျှအပြည့်အဝရရှိစေရေး၊ မသန်စွမ်းသူ အခွင့်အရေးများ၊ အကာအကွယ်ပေးခြင်းနှင့် အကျိုးခံစားခွင့်များ စသည့်အကြောင်းအရာများပါဝင်ပြီး အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရုံးရှေ့နံရံကပ် ဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော် (ပြန်/ဆက်)