Art Exhibition ပန်းချီပြပွဲသို့ တိုင်းဒေသကြီး၀န်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး

ချမ်းမြသာစည် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ ၁၀၂(A) x ၁၀၇လမ်း ကြားရှိ Mingalar Mandalay Hotel၊ သဇင်ခန်းမတွင် Mingalar Mandalay Hotel နှင့် Myanmar Art Center တို့ ပူးပေါင်း၍ Art Exhibition ပန်းချီပြပွဲ ပြုလုပ်ခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီအချိန်၌ ပြပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး  ဦးကျော်ဆန်း၊သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပန်းချီဝါသနာပါသူများ တက်ရောက်ပြီး ပြခန်းအတွင်း ခင်းကျင်း ပြသထားသော ပန်းချီကားများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီပြပွဲတွင် ဝါရင့်မြန်မာပန်းချီ ဆရာကြီးများဖြစ်ကြသော စတားမြသန်း၊ မောင်ကျော်ညွန့်၊ ချမ်းအေး၊ ဝင်းဖေ၊ကြည်သိန်း၊ စိန်မြင့်၊ နိုင်ကြီး၊ မန်ဇာဟိန်း၊ မင်းဝိုင်း၊ သန်းအောင်၊ ပန်းကြည်၊ နီပိုဦး၊ ထားဝယ်တူးတူး၊ တင်ဇော်ဝင်း၊ ကိုစိုး၊ ထွန်းထွန်းအောင်၊ ဝင်းမေအေးတို့၏ အနုပညာလက်ရာမြောက် ပန်းချီကားများနှင့် မြန်မာ့ထိပ်တန်း ပန်းချီဆရာကြီးများ၏ ပုံဖော်ဖန်တီးထားသော ဂန္ဓဝင်မြောက် အနုစိတ် ပန်းချီကား (၅၀)ကျော် ထည့်သွင်းပြသထားရှိကြောင်းနှင့် ပန်းချီပြပွဲအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်မှ ၁၁ ရက် နေ့ထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)