သတင်းများ

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက သကြားစက်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဝါးခယ်မမြို့ ကော်မရှင်အဖွဲ့ခွဲရုံးသစ် ဆောက်လုပ်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေး
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဝါးခယ်မမြို့ ကော်မရှင်အဖွဲ့ခွဲရုံးသစ် ဆောက်လုပ် နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေပြည်တော်နည်းပညာတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Dec 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်နည်းပညာတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်များဗလငါးတန်ဖွံ့ဖြိုးရန် သာစည်မြို့နယ်ဟံဇားအထက၌ လူငယ်စကားဝိုင်းကျင်းပ
Dec 28,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရန်နှင့် လူအများရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲက ဟံဇားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ပင်နီခန်းမ၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက (၁၀)နာရီအချိန်က ငပုတောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲ များ တက်ရောက်ခဲ့ကြသည်။
ပုဗ္ဗသီရိမြို့နယ် YGW ပရဟိတကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 28,2023
ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ YGW(YELLOW GENERATION WAVE) အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်းမှ ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက YGW ပရဟိတကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှစ်သစ်ကူး မဟာပဋ္ဌာန်းဒေသနာတော်နှင့်ဥပ္ပါတသန္တိ ပရိတ်တော်ရွက်ဖတ်ပူဇော်ပွဲနှင့် ကွန်ပျူတာနှင့်စက်ချုပ်သင်တန်းဆင်းပွဲတက်ရောက်
Dec 28,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော နှစ်သစ်ကူး မဟာပဋ္ဌာန်းဒေသနာတော်နှင့်ဥပ္ပါ တသန္တိပရိတ်တော်ရွက်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တတိယအစည်းအဝေး ကျင်းပ
Dec 28,2023
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ပဉ္စမအကြိမ် တတိယအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။