သတင်းများ

ကျောက်တလုံးကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်ဝက် တတ်‌မြောက်မှုစစ်‌ဆေးခြင်းစာမေးပွဲ ‌စတင်ဖြေဆို
Oct 15,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက် တတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပ နှစ်ဝက်စာမေးပွဲ အေးချမ်းစွာဖြေဆို
Oct 15,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပနှစ်ဝက်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆို လျက်ရှိသည်။
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ အခြေခံစားသောက်ကုန်များသွားရောက်ထောက်ပံ့
Oct 15,2023
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက ဘီလူးချောင်း ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကနီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား၊ ချောင်းရေတိုက်စားနိုင်သည့်နေအိမ်များ ကြိုတင်ပြောင်းရွှေ့လျက်ရှိ
Oct 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ည ၇ နာရီခန့်မှစတင်၍ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် လမ်းတံတားပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး
Oct 15,2023
မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကုန်ထုတ်လမ်း အမြန်ဆုံး ဖောက်လုပ်ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး၀န်ကြီးချုပ် လှည့်လည်ကြည့်ရှု
Oct 15,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း၊ ၁၀၂x၁၀၃ လမ်းကြားရှိ ကုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံ၊ ၆၂ လမ်း၊ ၁၀၄x၁၀၅ လမ်းကြားရှိ ကုတင် (၅၀၀)ဆံ့ အရိုးရောဂါအထူးကု ဆေးရုံကြီးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဝန်းများအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ပလစ(၂)မှ တပ်မှူး ဗိုလ်မှူးကြီး သိန်းဝင်း၊ ချမ်းမြသာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဝေဖြိုးအောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ ကုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာပိုင်ခန့်၊ အရိုးအထူးကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းထွန်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာ ကျော်သီဟတို့ဦးစီး၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၅၇၅) ဦးတို့မှ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သီတင်းကျွတ်ရုံးပိတ်ရက် ကျောင်းပိတ်ရက်များတွင် ဟိုတယ် (၈၁)လုံး ကြိုတင်ချိတ်ဆက်၍ အခန်းယူထားကာ ဟိုတယ်များ ပြည့်နေပြီဖြစ်
Oct 15,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ များပြားလျက်ရှိရာ သီတင်းကျွတ်ကာလ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသသို့ ဘုရားဖူးလာရောက်ကြရန်  ဟိုတယ်၊ မိုတယ်များ ကြိုတင်ချိန်ဆက် အခန်းယူမှုများပြားလျက်ရှိရာ အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ ဟိုတယ်၊ မိုတယ်များ ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရသည်။
သဘာဝဘေးကြောင့် ထိခိုက်နစ်နာမှု လျော့ပါးသက်သာရေးအတွက် အယ်လ်နီညို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း သဘာဝဘေးကြောင့် ထိခိုက်နစ်နာမှု လျော့ပါးသက်သာရေးအတွက် အယ်နီညို အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့က မြို့နယ်ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။