ငပုတောမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ငပုတော ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက (၁၀)နာရီအချိန်က ငပုတောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက (၇၆)နှစ်‌မြောက် လွတ်လပ်ရေးနေ့တွင် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် အများပြည်သူများနှင့် သက်ဆိုင်သော နေရာများတွင် အလံလွင့်တင်ရန်၊ ဌာနဆိုင်ရာ ရုံးများရုံးတွင်း၊ ရုံးပြင်သန့်ရှင်းရေး အလေးထား ဆောင်ရွက် ရန်ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးသန်းဦးက လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများအား ကျင်းပပေးနိုင်ရေးအတွက် ကော်မတီအလိုက် ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။ ထို့နောက် မြို့နယ်ဌာန‌ဆိုင်ရာများက လိုအပ်ချက်များ တင်ပြလာမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)