ပုဗ္ဗသီရိမြို့နယ် YGW ပရဟိတကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၈

ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ YGW(YELLOW GENERATION WAVE) အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်းမှ ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီက  YGW ပရဟိတကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းနှင်းအေးနှင့် ဝန်ထမ်းများ ပြိုင်ပွဲဝင်မည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်းက အမှာစကားပြောကြားခဲ့သည်။ အဆိုပါ အားကစားပွဲတော်တွင် အားကစားနည်း ၁၈ မျိုးဖြင့်  အားကစားသမား ၂၅၀ ဦး ပါဝင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပြိုင်ပွဲကာလမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)