Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုင်းယုမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးပြုလုပ်
Dec 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Dec 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ယမန်နေ့နံနက်ပိုင်း ၁၀ နာရီ၌ ညှိနှိုင်းစည်းဝေး ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည့် အခြေခံကင်းထောက်သင်တန်း အပတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ အခြေခံကင်းထောက်သင်တန်း အပတ်စဉ်(၁)ကို သင်တန်းသား ၉၃ ဦးဖြင့် ယခုလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းကကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ ကျောင်းသားမိဘများနှင့် သင်တန်းသားကင်းထောက် မောင်မယ်(၉၃)ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မှ၂၀၂၃ ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေ ၈၁.၄၉ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၃ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများအား အောက်တိုဘာလ ၁၃ ရက်နေ့ မှစတင်ထုတ်ချေးခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ၈၁.၄၉ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 27,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၁၀ နာရီက အ.လ.က ခွဲသင်္ဃန်းချောင်ကျောင်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရ ကျွေးမွေးလှူဒါန်း
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရဒါန ကျွေးမွေးမှုကို ယနေ့နံနက် ၉း၃၀ နာရီအချိန် ခန့်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး လူသုံးကုန်ထုတ်လုပ်ရေးသင်တန်း အမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲ တက်ရောက်ပြီး လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးနေမှုများအား ကြည့်ရှု၍ အခြေခံစားသောက်ကုန်များ ထောက်ပံ
Dec 27,2023
နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှကြီးမှူး၍ နေပြည်တော်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဝင်များ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းပို့ချမည့် ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကျင်းပ
Dec 27,2023
YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ပထမအဆင့်ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ စာဖြေဌာန (၁၈) ခု၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7992
Page
7993
Page
7994
Page
7995
Current page
7996
Page
7997
Page
7998
Page
7999
Page
8000
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department