ကွန်ဟိန်း ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကွန်ဟိန်းမြို့၊ မဟာကမ္ဘောဇ ပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး 'ဗုဒ္ဓဘိသေက'ဘုရားအနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက် (၅) နာရီက အဆိုပါဘုရားကြီးပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘုရားအနေကဇာတင်ပူဇော်ရန် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးရှိ မုဒ် (၄) မုဒ်ရှိ နေရာအသီးသီးတွင် ဘုရားအနေကဇာတင် ပူဇော်ကြကြောင်းသိရသည်။
ဆက်လက်၍ ကွန်ဟိန်းမြို့ နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာကမ္ဘောဇပြည်ငြိမ်းအေး စေတီတော်မြတ်ကြီး၏ (၂၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပူဇော်ပွဲအရုဏ်ဆွမ်းဆက်ကပ်ခြင်းကို ဓမ္မဝိဟာရ ဓမ္မာရုံတွင် ဆပ်ကပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်ကွန်ဟိန်းမြို့ စစ်ဗျူဟာအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဩကာသကန်တော့ကျိုးဖြင့် ရှစ်ခိုးပူဇော်ကန်တော့ကြပြီး ငွေတောင်ဦးသိရီမင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီးခြင်း၊လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)