သတင်းများ

တပ်ကုန်းမြို့နယ် နဝင်းချောင်းရေလျှံမှုကြောင့် အနော်ရထာရပ်ကွက်အတွင်း ရေများဝင်ရောက်
Oct 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က နဝင်းချောင်းရေလျှံမှုကြောင့် အနော်ရထာရပ်ကွက်၊ နယ်မြေကိုးခုရှိ မဟာဗောဓိကျောင်း၊ ယင်းမာပင်ကျောင်း၊ အောင်သုခကျောင်း၊ ကျောင်းသစ်ကျောင်း၊ မင်းကျောင်း၊ ရေလည်ကွေ့ကျောင်းတိုက်တို့တွင် ရေများဝင်ရောက်ခြင်း၊ ယင်းမာပင်ကျောင်းတိုက်အနောက်ဘက် ကာရံထားသည့် အုတ်တံတိုင်း ၁၃ ခန်း ရေတိုက်စား၍လဲကျခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကျိုက်ထီးရိုးဘုရား တောင်တက်မော်‌တော်ယာဉ်များအား ကြံ့ခိုင်မှု ရှိ၊ မရှိစစ်ဆေး
Oct 15,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော် ဖွင့်ပွဲအားသီတင်းကျွတ်လပြည့်‌နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးမှုကို ယမန်နေ့နံနက် ၇ နာရီအချိန်က ဘုရားသုံးဆူထိုင်တော်မူဘုရား တောင်‌ခြေ၌ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး
Oct 15,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ ဆေးရုံးကြီးအတွင်း၊ အပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ပတ်ဝန်းကျင်သန်ရှင်သာယာရေး၊ သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Oct 15,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၄ နာရီအချိန်ခန့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြသည်။
ပြင်ဦးလွင်မြို့တွင် ပလတ်စတစ်လျော့ချသုံးစွဲရေးနှင့် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးအတွက် အသိပညာပေး လူထုလှုပ်ရှားမှုဆောင်ရွက်
Oct 15,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ပြင်ဦးလွင်မြို့နယ်အတွင်း ပလတ်စတစ် လျော့ချသုံးစွဲရေးနှင့် စနစ်တကျအမှိုက်ခွဲခြား စွန့်ပစ်ရေးတို့အတွက် အသိပညာပေးလူထုလှုပ်ရှားမှုကို ယမန်နေ့က ပြင်ဦးလွင်မြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးနှံနေကြာ ၄၇၂၀၀ ဧက စိုက်ပျိုးပြီးစီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်
Oct 15,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်ရှိသည့်အနက် ခရိုင်(၇)ခရိုင်၌ မိုးသီးနှံနေကြာ ၄၇၂၀၀ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၃၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။
သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ
Oct 15,2023
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝင်းအတွင်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ကန့်ဘလူ၌ လုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်‌မှုများ ဆောင်ရွက်
Oct 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်အဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်ရှိစီးပွား‌‌ရေး လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ အစားအသောက်‌ ရောင်းချသူများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရန် ပထမအကြိမ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်၊ ၇:၀၀ နာရီက ကန်ဘလူ မြို့ပေါ်ရှိ ဈေးရောင်းလုပ်ငန်း လုပ်ကိုင်ကြသူများအား စည်ပင်သာယာခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။