မုံရွာ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ မြေပဲ ၄၂၀၀၀ ဧက ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်ထံမှ သိရသည်။
မုံရွာခရိုင်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၄၁၃၁၀ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ်အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၄၂၂၁၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် မုံရွာခရိုင်မှာ ဆောင်းမြေပဲ ၄၁၀၀၀ ဧက ကျော်လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ၄၂၀၀၀ ဧက ကျော်စိုက်ပျိုးပြီးပါပြီ။ ဆက်လက်၍လည်း စိုက်ပျိုးလျက်ရှိပါတယ်။ အထွက်နှုန်းကောင်းမွန်ဖို့ GAP နည်းစနစ်တွေနဲ့ စိုက်ပျိုးဖို့အတွက်လည်း ဆောင်ရွက်ပေးပါတယ်" ဟု မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ပြောပြသည်။
မုံရွာခရိုင်တွင် မြို့နယ်အလိုက် ဆောင်းမြေပဲစိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာမြို့နယ်တွင် ၆၇၅၃ ဧက၊ ချောင်းဦးမြို့နယ်တွင် ၅၉၀၄ ဧက၊ ဘုတလင်မြို့နယ်တွင် ၁၄၀၉၅ ဧကနှင့် အရာတော် မြို့နယ်တွင် ၁၅၄၆၀ ဧက စုစုပေါင်း ၄၂၂၁၂ ဧက ဖြစ်ကြောင်း၊ လျာထားမှုအနေဖြင့် မုံရွာမြို့နယ်တွင် ၆၈၃၆ ဧက၊ ချောင်းဦး မြို့နယ်တွင် ၅၈၉၁ ဧက၊ ဘုတလင်မြို့နယ်တွင် ၁၄၉၇၈ ဧကနှင့် အရာတော် မြို့နယ်တွင် ၁၃၆၀၅ ဧက စုစုပေါင်း ၄၁၃၁၀ ဧက ဖြစ်ကြောင်း သိရသည်။
မုံရွာခရိုင်တွင် ယခင်နှစ် မြေပဲစိုက်တောင်သူများကို ဆောင်းမြေပဲ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့် နည်းစနစ်၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)