ပုဗ္ဗသီရိမြို့နယ် ထုံးဘိုကျေးရွာရှိ ကျည်တောင်ကန်ကျေးလက်ကျန်းမာရေးဌာနတွင် အသက် ၄၀ နှစ်မှ ၆၀ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ပြုလုပ်

ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ထုံးဘိုကျေးရွာရှိ ကျည်တောင်ကန်ကျေးလက်ကျန်းမာရေးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၄၀ နှစ်မှ ၆၀ နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအခမ်းအနားသို့ နေပြည်တော် တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနန်းဥမ္မာ၊ ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေး၊ နေပြည်တော်တိုင်းကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးလက်နေပြည်သူများ ၅၀ ဦးခန့် တက်ရောက်ခဲ့သည်။

ထို့နောက် တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနန်းဥမ္မာနှင့် ဝန်ထမ်းများက အသက် ၆၀ နှစ်နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးကာ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ပြီး ၊ အသက် ၄၀ နှစ်နှင့်အထက် ပြည်သူများအား ဆီးချို၊ သွေးချို ရောဂါများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 

သန်းသန်းနွယ်(ပုဗ္ဗ)