ပွင့်ဖြူမြို့ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်းရှိ အဘယလာဘဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဘုရားဂေါပကအဖွဲ့မှ ကြီးမှူး၍ ယနေ့ နံနက် ၇ နာရီခွဲက အဆိုပါ ပြည်လုံးချမ်းသာဘုရားကြီးဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာ တင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးဌေးမြင့်နှင့် အဖွဲ့ဝင်များ၊ စေတနာအလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပင့်သံဃာတော်အရှင်သူမြတ်များက အဘယလာဘဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော်အနန္တဇိနလျောင်းတော်မူဘုရားကြီးအား ဘုရားအနေကဇာတင်လှူပူဇော်၍ အန္တရာယ်ကင်း ပရိတ်ပဌာန်းများကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းများ ပေးဝေခဲ့ကြသည်။

ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် အဖွဲ့ဝင်များ၊ စေတနာအလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများက ဘုရားမှူးရှိသော ပင့်သံဃာ(၅၀)ပါးကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။

ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာမြို့ဦးဘုရားဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘ ဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော် အနန္တဇိနလျောင်း တော်မူဘုရားကြီးအား ဘုရားအနေကဇာ တင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဒေသခံပြည်သူများနှင့် ရပ်ဝေး ရပ်နီးမှ ဘုရားဖူးလာ ပြည်သူများ တရားဘာဝနာပွားများနိုင်ရန်အတွက် ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၅)ရက်တိုင်တိုင် အကြိုဓမ္မသဘင်ပွဲ ထည့်သွင်းကျင်းပပြုလုပ်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်အပါး (၅၀) အား ပင့်ဖိတ်၍ ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်း လှူပူဇော်ခြင်းကိုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ညနေပိုင်းတွင် စေတနာအလှူရှင်များမှ ဒေသခံပြည်သူများနှင့်  ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများကို စတုဒီတာကျွေးမွေးခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  အဆိုပါ ပွင့်ဖြူမြို့ ၊ ပြည်လုံးချမ်းသာမြို့ဦးဘုရားကြီးဂေါပကဥက္ကဌ ဦးဌေးမြင့်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )