သတင်းများ

သံတောင်ကြီးဒေသထွက် ကင်ပွန်းသီးခြောက်များ ဝယ်လိုအားကောင်းခြင်းကြောင့် မိသားစု အပိုဝင်ငွေ ရရှိ
Dec 28,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ဒေသခံပြည်သူများ၏ မြေလွတ်မြေရိုင်းနေရာများ၊ ဥယျာဉ်ခြံများ၊ မြစ်ချောင်းများ၏ ဘေးပတ်ဝန်းကျင်များတွင် သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့် ကင်ပွန်းသီးများကို ခူးယူပြီး အခြောက်လှန်းကြသည်။ ခုအချိန်တွင် ကင်ပွန်းသီးခြောက်များ ဝယ်လိုအားကောင်းသောကြောင့် ဒေသခံပြည်သူများ ရောင်းချပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးကျန်းမာရေးဆိုင်ရာ သုတေသနစစ်တမ်း ကောက်ယူ
Dec 28,2023
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအကြား ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးကျန်းမာရေးဆိုင်ရာ အသိပညာ၊ ခံယူချက်၊ လက်တွေ့ဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများအားသိရှိပြီး လိုအပ်ချက်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်စေရန်အတွက် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေး ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ခံယူချက်၊ လက်တွေ့ဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများအား ရှာဖွေဖော်ထုတ်သည့် သုတေသနစစ်တမ်းကောက်ယူခြင်းကို ပြည်သူ့ဆေးရုံခန်းမ၌ ဒီဇင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။
နတ်မောက်မြို့ရှိ မြို့မရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Dec 28,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ မြို့မရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူမိသားစုထံမှ သိရသည်။
ဟင်္သာတ တက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြင့်ခြင်းအခမ်းအနားကျင်းပ
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်၊ ဘွဲနှင်းသဘင်ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ တွင် ဆုရရှိသူများအား ဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Dec 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မီးဘေးလုံခြုံရေးအသိပညာပေး စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်
Dec 28,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှဌာနဆိုင်ရာရုံးများအား  မီးဘေးလုံခြုံရေးအသိပညာပေး စစ်ဆေးအကြံပြုခြင်းများ  ကွင်းဆင်းဆောင်ရွက်ခြင်းကို  ယနေ့နံနက် ၉နာရီ၃၀အချိန်က  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ ရေပူစမ်းအပန်းဖြေစခန်းသို့ မော်တော်ယာဉ်များဖြင့် မိသားစုလိုက်လာရောက်ကြသူများ
Dec 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းသို့ မိသားစုလိုက် မော်တော်ယာဉ်များဖြင့် လာရောက်ကြသူ များပြားလှကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဟင်္သာတမြို့နယ်ပညာရေးမှူးဖလား အသက် (၁၃)နှစ်အောက် မူလတန်းအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဟင်္သာတမြို့နယ် ပညာရေးမှူး ဖလား ကျောင်းပေါင်းစုံ အသက် (၁၃)နှစ်အောက် မူလတန်းအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။