သတင်းများ

"ရွှေတောင်ဘိုးဘွားရိပ်သာ"တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ အမှတ် (၆)တပ်မတော်ဆေးရုံ (ခုတင်- ၁၀၀)  နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ "ရွှေတောင်ဘိုးဘွားရိပ်သာ"တွင် ယနေ့နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊အမှတ်(၆) တပ်မတော်ဆေးရုံ  (ခုတင်- ၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ဉာဏ်တော် ၉ ပေရှိ မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်
Dec 27,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် သာသနာ့ဟိတကာရီ ဗိမာန်ဓမ္မာရုံသစ်ကြီးတွင် အပူဇော်ခံထားရှိမည့် ဉာဏ်တော် ၉ ပေရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ကြိုဆိုပင့်ဆောင်ပူဇော်ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဂန့်ဂေါခရိုင် အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၃) ပြုလုပ်
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ Dammer Ping သစ်ပါးလွှာစက်ရုံ၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Dec 27,2023
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ဝဲကလီကျေးရွာရှိ Dammer Ping သစ်ပါးလွှာစက်ရုံ၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနံနက် (၉)နာရီမှစတင်၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ်၌ ဂန္ဓမာပန်းများတစ်ပိုင်တစ်နိုင်စီးပွားဖြစ် စတင်စိုက်ပျိုး
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကျောင်းစုရပ်ကွက်၌ ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စတင်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပန်းစိုက်တောင်သူထံမှ သိရသည်။
ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ‌ဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ် သံဂဟေဆက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန‌ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။