စလင်း ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးအသိပညာပေး စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီ၃၀အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ မီးဘေးလုံခြုံရေးအသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများနှင့်ပတ်သက်၍ ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးများကို အသုံးပြုပုံနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများနှင့် ဌာနဆိုင်ရာရုံးများတွင် မီးချိတ်၊ မီးခတ်နှင့် မီးသတ်ဆေးဘူးများကို အရိပ်ထဲတွင်ထားရှိပုံ အသုံးပြုနည်းများကို လက်တွေ့အသိပညာပေးဆွေးနွေးခြင်း ဟောပြောခြင်းများကို မြို့နယ်မီးသတ်ဒုဦးစီးမှူးဦးဟိန်းဇော်လင်းက ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးအသိပညာပေးဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမြို့နယ်မီးသတ်ဦးစီးမှူးဦးဟိန်းဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဌာနဆိုင်ရာရုံးများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေးအကြံပြုခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်စီမံကိန်းရုံး၊ မြေစာရင်းအင်းဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စာရင်းစစ်ရုံးနှင့် ဦးဌေးဝင်းကိုယ်ပိုင်အထက်တန်းကျောင်းများသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
(မောင်လွင်)စလင်း