သတင်းများ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရုံး၊ အမှုတွဲခန်း (ကျောက်တိုက်) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 13,2023
 မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၇လမ်း၊ ၁၀၆x၁၀၇ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၊ အမှုတွဲခန်း (ကျောက်တိုက်) ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၈ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အာဖရိကဝက် အပြင်းဖျားရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး‌ဆောင်ရွက်၊ မန်ခိန်ရပ်ကွက် မေခဝန်ထမ်းအိမ်ရာအနီး  သက်သာစျေး ရောင်းချပေးနေမှု ကြည့်ရှုအားပေး
Oct 13,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စနစ်ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးနှင့် ရာသီအလိုက် အလှပန်းပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြေနေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် မြို့သစ်ကြီးရပ်ကွက်အတွင်း  သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်အသိပညာပေး ဟောပြောပွဲ နှင့်ပြပွဲများကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ  လူငယ်များ အသိပညာ ဗဟုသုတရရှိစေရေး၊   လူတော်လူကောင်းများ   ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉နာရီ က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟော ပြောပွဲနှင့်ပြပွဲများ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club (မုဒိတာ) အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ
Oct 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာကြီး အောင်သင်း၏ “ခေတ်သစ်ကမ္ဘာအတွက် ပညာ‌ရေးနှင့် စာရိတ္တပျိုးထောင်မှု" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာကြီး အောင်သင်း၏ "ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု" စာအုပ်ဖြင့် မုဒိတာစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေခယ်သီရီခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။