သတင်းများ

ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ ခေါင်းဆောင်မှုနှင့် စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀:၃၀)အချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်
တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းနှစ်ကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) နှစ်ကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာရှုထောင့်မှ ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းများ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
ကျုံပျော်တွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေး ကုသခြင်းများ ဆောင်ရွက်
Oct 13,2023
ပြည်သူများ အနာရောဂါ ကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေး ကုသခြင်းကိုကျုံပျော်မြို့နယ်၊ ရေစခန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့၌ ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် လူငယ်များ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်၊  စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအပေါ် အရှိန်အဟုန်ဖြင့် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်လျက်ရှိ
Oct 13,2023
ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်ခဲ့မှုကြောင့် ပျက်စီးခဲ့မှုများအပေါ် အရှိန်အဟုန်ဖြင့် ချက်ခြင်းတုံ့ပြန် ဆောင်ရွက်နေမှုတို့အား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်လှစ်
Oct 13,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ခရေမြိုင် ကျေးရွာ၊ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းပေးမှုနှင့်အတူ ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ နေ့စဉ် နံနက်ရုံးဖွင့်ချိန်မှစတင်၍ အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ  လာရောက် ငှားရမ်း ဖတ်ရှုခဲ့ကြောင်း သိရသည်။
သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 13,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံရှုံးနိုင်ခြေ လျော့ချရေးရေးနေ့ အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဘေး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီက အနောက်ဈေးလေးနှင့် မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။