သတင်းများ

နတ်တလင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Dec 28,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ တောမီးမရှို့ရန် အသိပညာပေးဟောပြော
Dec 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာလျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး တောမီးမရှို့ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဝမ်မန်းအုပ်စု၊ ဝမ်ရှဲန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့ ပြည်တောင်တန်းရေနံမြေတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြော၊ သရုပ်ပြသ
Dec 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး၍ အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကိုခံယူလျက် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်း မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီအချိန်က ပြည်တောင်တန်းရေနံမြေရှိ ၀န်ထမ်းများအား မီးဘေးအသိပညာပေး ဟောပြော၊ သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြိုးတံတားများ တည်ဆောက်ရာ၌ အခက်အခဲမဖြစ်ပေါ်စေရေး ဆောင်ရွက်
Dec 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရှေခင်ကြိုးတံတားနှင့် ဒွန်းနွဲ့ကြိုးတံတားများ တည်ဆောက်ရာ၌ အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ပုံဆွဲနှင့်ဆေးရောင်ခြယ်ဝါသနာပါသည့် ကလေးငယ်များအတွက် ဆေးရောင်ခြယ်အပန်းဖြေနိုင်
Dec 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ပုံဆွဲနှင့်ဆေးရောင်ခြယ်ဝါသန ပါသည့် ကလေးငယ်များအတွက် ထုံးရုပ်ထုများတွင် ဆေးရောင်ခြယ်နိုင်ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လက်တွေ့သရုပ်ပြခြင်း ပြုလုပ်
Dec 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လက်တွေ့သရုပ်ပြခြင်းကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)နှင်းဆီဆောင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Dec 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉:၃၀)နာရီက ခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
ကျိုင်းလပ်မြို့၌ ဆောင်းသီနှံ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်း
Dec 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ဝမ်ကျင်းရပ်ကွက်အနီးရှိ စိုက်ခင်းများတွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဝမ်ကျင်းရပ်ကွက်မှ ကြက်သွန်စိုက်တောင်သူ ဒေါ်နန်းအေးလှထံမှ သိရသည်။