မင်းလှ ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များအကြား ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးကျန်းမာရေးဆိုင်ရာ အသိပညာ၊ ခံယူချက်၊ လက်တွေ့ဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများအားသိရှိပြီး လိုအပ်ချက်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်စေရန်အတွက် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေး ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ခံယူချက်၊ လက်တွေ့ဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများအား ရှာဖွေဖော်ထုတ်သည့် သုတေသနစစ်တမ်းကောက်ယူခြင်းကို ပြည်သူ့ဆေးရုံခန်းမ၌ ဒီဇင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီချိန်က စတင်ဆောင်ရွက်လျက်ရှိသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်အေးအေးသင်းက သုတေသနကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့မကျန်းမာရေးဌာန၊ ကြီးကြပ်-၂ ဦးရဲမင်းနိုင်က Mobile Phone ဖြင့် သုတေသနကောက်ယူခြင်းဆိုင်ရာ ဖြည့်စွက်ဆောင်ရွက်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များမှ မိမိတို့၏လက်တွေ့ဆောင်ရွက်နေမှုများ၊ တွေ့ရှိချက်များအား Mobile Phone များမှတဆင့် လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
ပေါက်စ(မင်းလှ)