ဟင်္သာတ တက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြင့်ခြင်းအခမ်းအနားကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်၊ ဘွဲနှင်းသဘင်ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဟင်္သာတတက္ကသိုလ် သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ အေးအေးမူမှ "ထာဝစဉ်ထိမ်းသိမ်းစောင့်ရှောက်သွားရမည့် မြန်မာ့လွတ်လပ်ရေး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး တာဝန်ရှိသူများမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြိုင်တွင် ဆုရကျောင်းသား/သူများအား လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/သူများ အားလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတတက္က သိုလ်ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ ဒုတိယပါမောက္ခချုပ်များ၊ ဟင်္သာတတက္ကသိုလ် ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ဆုရပြိုင်ပွဲဝင်များ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်