သတင်းများ

စစ်ကိုင်းမြို့ ပါရမီ အ.လ.က(ခွဲ)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ
Oct 13,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုး၊ ဒေါ်ဥမ္မာဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ပါရမီ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့်  အသိပညာဗဟုသုတိုးပွားလာစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်ဒေသများရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်းကို  အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ ဒေသထွက် ကျွဲကောသီး(ခ)မအို့သီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်ကျွဲကောသီး(ခ)မအို့သီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ကတ်ကျေးရွာမှ ကျွဲကောသီး (ခ)မအို့သီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဦးစိုင်းလုံကျောက်ထံမှ သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်
Oct 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နားမွန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြော
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နားမွန်းကျောင်းတွင် လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်း (အမဲ၊ ဝက်၊ ဆိတ်) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း (အမဲ၊ ဝက်၊ ဆိတ်)အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း  ရောင်းချလျက်ရှိကြောင်း သိရသည်။
နောင်တရားဒေသ၌ ဂျင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Oct 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဂျင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။