ပုံပါကျင်မြို့လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Oct 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့်အတွေးအခေါ်ကောင်းများ ရရှိရန် ရည်ရွယ်၍ ဒေါက်တာခင်စန်းမော်ရေးသားသည့် ဆိတ်မွေးမြူရေးအကြောင်း စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်သည်။