မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လပွတ္တာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က ဆောင်းသီးနှံသတ်မှတ်လျာထားချက် ပြည့်မီရေး၊ ထင်းအစားထိုးလောင်စာ တောင့်သုံးစွဲရေး၊ MS.ME လုပ်ငန်းများအား သက်ဆိုင်ရာဌာနများအလိုက် တိုးတက်အောင်မြင် အောင် ကူညီဆောင်ရွက်ရန်၊ ကုန်စျေးနှုန်းကျဆင်းရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ ပညာရေးနှင့် ပတ်သက်၍ အောင်ချက်မြင့်မားရေး၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များဌာနဆိုင်ရာများအား ညွှန်ကြား ပေးရန်၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကာ အဖွဲ့ဝင်အတွင်းမှူး ရဲမှူး မိုးစိန်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာ ဆောင်ရွက်ရန် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)